မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း ပဲစင်းငုံးသီးနှံကို ဒုတိယ အများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ပြီး၊ ယခုအခါ ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်း သိရသည်။ ပဲစင်းငုံကို ဝါ၊ နှမ်း သီးနှံများနှင့်ရော၍ သီးညှပ်အဖြစ်သော်လည်းကောင်း၊ သီးသန့်အဖြစ်သော်လည်း ကောင်း စိုက်ပျိုးကြပါသည်။ ပဲစင်းငုံမှာ စတင်စိုက်ပျိုးသည့် မြေပြင်ကာလတွင်သာ စရိတ်ကုန်ကျမှုရှိ ပြီး သွင်းအားစုအနေနှင့်များစွာ ကုန်ကျမှုမရှိဘဲ ဒေသရာသီဥတုဒဏ်ခံနိုင်သည့် သီးနှံဖြစ်၍ တောင်သူများအနေနှင့် စျေးကွက်အခြေအနေကို မမျှော်ကိုးဘဲ နှစ်စဉ်စိုက်ပျိုးလေ့ရှိပါသည်။
ယခုနှစ်တွင် ပဲစင်းငုံမှာ အပင်အား၊ အသီးနှုန်းအားကောင်းမွန်သဖြင့် အထွက်နှုန်းမှာလည်း ယခင်နှစ်များထက် ပိုမိုနိုင်မည်ဟု တောင်သူများက ခန့်မှန်းထားပါသည်။ ပဲစင်းငုံသီးနှံမှာ စိုက်စရိတ် သက်သာသကဲ့သို့ ရိတ်သိမ်းခြွေလှေ့ရာတွင်လည်း လုပ်သားစရိတ် သက်သာသောသီးနှံဖြစ်ပါသည်။ ခြွေလှေ့ရာတွင် ခြွေလှေ့သူအား လုပ်သားခအနေနှင့် အပင်ကို ထင်း (လှောင်စာ/အိမ်ခြံစည်းရိုး) အသုံးပြုရန်ပြန်လည်ပေးချေနိုင်ပါသည်။ ပဲစင်းငုံစျေးမှာလည်း စတင်ပေါ်စက တစ်တင်းလျှင် ၅၅၀၀၀ိ/-ရခဲ့ပြီး ယခုလှိုင်ချိန်တွင် ၅၃၀၀၀ိ/-မှ ၅၄၀၀၀ိ/- ရှိသဖြင့် တွက်ခြေကိုက်သီးနှံဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)