လွိုင်ကော်မြို့ဈေးကွက်အတွင်းတွင် အခြေခံစားသောက်ကုန်များ အခြားဒေသမှ ဝင်ရောက်လျက်ရရှိပြီး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီးဘက်မှ အများဆုံး ဝင်ရောက်လျက်ရှိပါသည်။ ယခုလက်ရှိ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၃၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်နှင့် ရောင်းချလျက်ရှိပြီး ယခင်ဒီဇင်ဘာလ ဒုတိယပတ်တွင်လည်း ကြက်ဥအလုံးကြီးတစ်လုံး လျှင် (၂၃၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်သာရှိခဲ့ပြီး ယခင်ဒီဇင်ဘာလဒုတိယပတ်နှင့် ယခုဇန်နဝါရီလဒုတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)