ကယားပြည်နယ်တွင် နှမ်းသီးနှံကိုအဓိက ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးထုတ်ထုတ်ကြပါသည်။ ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုဘောလခဲခရိုင်တွင်အများဆုံးစိုက်ပျိုးကြပြီး လွိုင်ကော် ခရိုင်တွင် ရှားတောမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုတွင်လည်း စိုက်ပျိုး ကြသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်း(မိုး)စုစုပေါင်းစိုက်ဧကမှာ(၂၃၃၉၇)ဧကခန့်ရှိခဲ့ပြီး အကုန်ရိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်(၁၀.၂၃)တင်းခန့်နှင့် စုစုပေါင်းအထွက်မှာ(၂၃၉၃၀၃)တင်းခန့်ထွက်ရှိပါကြောင်း သက်ဆိုင်ရာဌာနမှ သိရှိပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းမှာ နှမ်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ခန့်၊ နှမ်း တစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ပြည်နယ်အတွင်းထွက်ရှိသော နှမ်းများကိုကြိတ်ခွဲမည်ဆိုပါက နှမ်းတစ်တင်းလျှင် နှမ်းဆီ (၆)ပိဿာထွက်ရှိနိုင်ပြီး စုစုပေါင်းအထွက်(၂၃၉၃၀၃)တင်း ကြိတ်ခွဲလျှင်နှမ်းဆီ(၁၄၃၅၈၁၈) ပိဿာထွက်ရှိနိုင်ပါသည်။ ပြည်နယ်အတွင်းဖြစ်ပေါ်နေသော နှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ခန့်ရှိပါသည်။ ပြည်နယ်အတွင်းထွက်ရှိသော နှမ်းများကို ကုန်ကြမ်းအဖြစ် အခြားဒေသများသို့ တင်ပို့ရောင်းချလျှင် ကျပ်(၂၅၁၃)သန်းခန့်ရရှိနိုင်ပြီး ပြည်နယ်အတွင်းကြိတ်ခွဲ ရောင်းချလျှင် ကျပ်(၁၇၂၃)သန်းခန့်သာရရှိနိုင်ပါသည်။ ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချလျှင် ကျပ်(၇၉၀)သန်းခန့် ပိုမိုအမြတ်ရနိုင်သည်။ ထို့ကြောင့် ပြည်နယ်အတွင်းထွက်ရှိသော နှမ်းများကို ဒေသအတွင်း ကြိတ်ခွဲရောင်းချလျှင် တွက်ခြေမကိုက်သဖြင့် ကုန်ကြမ်းအဖြစ် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်းသိရှိရပါတယ်။
ပြည်နယ်အတွင်း နှမ်းသီးနှံကိုစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧကပျမ်းမျှခန့်မှန်း ကုန်ကျစရိတ်အနေဖြင့်အောက်ပါအတိုင်းကုန်ကျနိုင်သည်-
DOCA(ကယား)