ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီလ ( ၄ ) ရက်နေ့မှ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရေတာရှည်၊ မြင်းခြံ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၈၀၀၀ ၊ အလုံးလတ် ကျပ် ၇၀၀၀ ၊ အလုံးသေး ကျပ် ၅၀၀၀ ၊ ဝေါ၊ မင်းလှ၊ ဟင်္သာတ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၀၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ အလုံး လတ် ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၇၀၀၊ ၅၀၀၊ ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး ၁ တွဲ ကျပ် ၇၀၀၊ တွံတေး၊ ပန်းတိုင် (လှိုင်သာယာ) မှ သခမသီး အလုံးကြီး တစ်ခြင်း ၂၅ လုံး မှ ၃၅ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံး မှ ၄၅ လုံးပါ ကျပ် ၁၇၀၀၀၊ အလုံးသေး ၆၀ လုံး မှ ၇၀ လုံးပါ ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း မှ ဇီးသီး (စလေ) အလုံးကြီးတစ်ခြင်း ၈ ပြည် ပါ ကျပ် ၁၂၀၀၀၊ ပြည် မှ ဇီးသီး (အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါ ကျပ် ၁၃၀၀၀၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ်ခြင်း ၅ ပိဿာပါ ကျပ် ၅၅၀၀၀၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ အလုံး ကြီးတစ်ဗူး ၁၈ ကျပ်သားပါ ကျပ် ၁၇၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီး ဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါ သည်။
DOCA(ရန်ကုန်)