ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ၊ ပဲပုတ်စိုက်ဧက ၁၈၄၁၉ စိုက်ပျိုးထားရှိပြီး မိုးညိုမြို့နယ်အနေဖြင့် ၁၁၅၁၂ ဧက စိုက်ပျိုးလျှက်ရှိရာ မိုးညိုမြို့နယ်သည် ပဲပုတ်အများဆုံး စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် မိုးညိုမြို့နယ်ရှိ ပဲပုတ်များ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်ပါသည်။
ပဲပုတ်စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်မှာ ကျပ် ၃၀၀၀၀ဝိ-/ ခန့်ရှိကြောင်း သိရှိရပါသည်။ တစ်ဧကအထွက်တင်း ၂၀ ခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ပဲပုတ်တစ်တင်းလျှင် ယခင်နှစ် ရောင်းဈေးမှာ ၄၂၀၀၀ ကျပ်ဖြစ်ပြီး ယခုနှစ် ကွင်းအရောက်ပေါက်ဈေး တစ်တင်းလျှင် ၅၂၀၀၀ကျပ်ခန့် ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ တစ်ဧကဝင်ငွေမှာ ကျပ်သိန်း ၁၀၀၀၀၀၀ ခန့် ရရှိကြောင်း သိရှိ ရပြီး တစ်ဧက အကျိုးအမြတ်အနေဖြင့် ၇၀၀၀၀၀ ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။ ပဲပုတ်များကို မြို့ပေါ်ရှိ ကုန်သည်ကြီးများမှ ကွင်းအရောက်ဆင်း၍ ဝယ်ယူပြီး မြို့ပေါ်ပွဲရုံများသို့ သယ်ယူကြပါသည်။ မြို့ပွဲရုံ များမှ တဆင့် ရန်ကုန် ၊ ဘုရင့်နောင်ဈေးကွက်အတွင်းရှိ ပွဲရုံကြီးများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခုနှစ် ပဲပုတ်စိုက်တောင်သူများအနေဖြင် ပဲပုတ်ဈေးကောင်းရရှိပြီး အရောင်းအဝယ်များ ကောင်းမွန်ကာ တွက်ခြေကိုက်နေကြကြောင်း ပဲပုတ်စိုက်တောင်သူများထံမှ လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)