တနင်္သာရီတိုင်းဒေသကြီးမှ ဒေသခံစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်ဆောင်ရွက်ချက်ကို တိုးမြှင့်ရန်အတွက် မဟာဗျူဟာကျအခွင့်အရေးများကို အတည်ပြုအကောင်အထည်ဖော်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၁၅ ဆွေးနွေးညှိနှိုင်းပွဲများကို(၁၀-၃-၂၀၂၀)ရက်နေ့၌ မြိတ်မြို့၊ မြင့်မိုရ်ဟိုတယ်တွင်လည်းကောင်း၊ (၁၁-၃-၂၀၂၀)ရက်နေ့၌ ထားဝယ်မြို့ Diamond Crown Hotel တွင်လည်းကောင်း ကျင်းပခဲ့ပါသည်။ ဆွေးနွေးညှိနှိုင်းပွဲသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ဒေသခံမြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပညာရေး ရပ်ဝန်နှင့် တနင်္သာရီတိုင်းဒေသကြီးကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ အကျိုးတူပူးပေါင်းဆောင်ရွက်သူများ တက်ရောက်ခဲ့ပါသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချို က ဆွေးနွေးပြောကြားရာတွင် တနင်္သာရီတိုင်းသည် စိုက်ပျိုးရေး၊ ရေထွက် လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ပုလဲမွေးမြူရေးလုပ်ငန်း၊ ငှက်သိုက်ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် သစ်သီးဝလံကဲ့သို့ အဓိကကျသည့် မြန်မာ့ပို့ကုန်များကို ထုတ်လုပ်မှီခိုနေရသောဒေသဖြစ်ပါကြောင်း၊ အချက်အချာကြသော တိုင်းဒေသကြီးဖြစ်သောကြောင့် အမျိုးသားပို့ကုန်မဟာဗျူဟာ(NSE)၂၀၂၀-၂၀၂၅ ကဏ္ဍအလိုက် မဟာဗျူဟာများကိုရေးဆွဲရာတွင် အထောက်အကူဖြစ်စေနိုင်ရန်အတွက် လာရောက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတိုးတက်ရန်အတွက် အစိုးရကပဲဆောင်ရွက် လို့မရပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏အင်အားလည်းအရေးကြီးပါကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသော သက်ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်သူများ၏ အကြံဉာဏ်၊ ပညာရပ်ပိုင်း ဆိုင်ရာလမ်းညွှန်မှုများကို ပေါင်းစပ်ပြီးဆောင်ရွက်သွားပါက တနင်္သာရီတိုင်းဒေသကြီး၏ ထုတ်လုပ် မှုနှင့် ပို့ကုန်ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ဒေသ၏ စီးပွားရေးကို အထောက်အကူပြုနိုင် မည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကောင်းစွာအထောက်အကူပြုနိုင် မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး က ပြောကြားရာတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းတာဝန်များ အပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်လွယ်ကူရေး (Ease of Dawei Business)လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာ ကုန်သွယ်မှုမြှင့်တင်ဖို့ သယံဇာတနှင့် အခွင့် အလမ်းများစွာရှိသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏများစွာနိမ့်ကျ နေသည့်အတွက် မဟာဗျူဟာစီမံချက်များ စနစ်တကျရေးဆွဲချမှတ်ဆောင်ရွက်ရန် အထူးလိုအပ် လျက်ရှိပါကြောင်း၊ ဒီလိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ပို့ကုန်များဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာစျေးကွက်မှာ ယှဉ်ပြိုင် ဝင်ရောက်နိုင်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဗဟိုဌာနနဲ့ နည်းပညာအကူအညီရယူ၍ ၂၀၁၃ ခုနှစ်မှာ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှာအကောင် အထည်ဖော်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၉ မှာ အဓိကဦးစားပေးကဏ္ဍကြီး(၁၁)ရပ်ရွေးချယ်အကောင် အထည်ဖော်ခဲ့ပြီး လုပ်ငန်းရှင်များတောင်းဆိုချက်အရ ကဏ္ဍအသစ်(၅)ရပ်ကိုလည်း ထပ်မံထည့် သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၀ မှ ၂၀၂၅ ထိ (၅)နှစ်အတွက် ဦးစားပေးဆောင်ရွက်မည့် ကဏ္ဍကြီး(၁၈)ရပ်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မဟာဗျူဟာများရေးဆွဲ ရာမှာအထောက်အကူပြုနိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထည့်သွင်း ပါဝင်သင့်တဲ့အချက်အလက်များကို ညှိနှိုင်းဖို့လိုအပ်ပါကြောင်း ဆွေနွေးပြောကြားခဲ့ပါသည်။
ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ စားသောက်ကုန်ထုတ်လုပ် ခြင်းကဏ္ဍ၊ ရာဘာကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍတို့ကို ညှိနှိုင်း ဆွေးနွေးပွဲတက်ရောက်လာသူများက အဓိကထားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန