မအူပင်မြို့နယ် ဆန်/စပါးဈေးကွက်တွင် ဆန်/စပါး ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ရန်ကုန် ဘုရင့်နောင်ပွဲရုံမှ ဧည့်မထဆန်များ ဝယ်လိုအားရရှိ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ စိုးမိသားစုဆန်စက်၊ 912 ဆန်စက်၊ ပြည့်ဖြိုးကြွယ်ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ စက်ပိုင်များထံသို့ ကွင်းဆင်းလေ့လာစုံစမ်းမှုအရ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ပထမပါတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် ဆင်းသုခစပါး တင်း ၁၀၀ လျှင် စက်အရောက်ဈေး (၁၂၅၀၀၀၀/-)ကျပ် ကရင်မစပါး တင်း ၁၀၀ လျှင် (၁၂၄၀၀၀၀/-)ကျပ်၊ စပါးအရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ် စပါးဈေးနှုန်းထက် စပါးဈေးအနည်းငယ်မြင့်တက် လျက်ရှိကြောင်း စက်ပိုင်များ၏ ပြောပြချက်အရ သိရှိရပါသည်။
မအူပင် kkk ဆန်ဆိုင်နှင့် စည်ပင်သာယာဈေးများအတွင်းရှိ ဆန်အရောင်းဆိုင်များမှ ပေါ်ဆန်း တစ်အိတ်လျှင် ၅၆၀၀၀/-၊ ဧည့်မထ ဆန်တစ်အိတ်လျှင် ၄၃၀၀၀/-၊ နှင့် နှံကား ဆန်တစ်အိတ်လျှင် ၄၂၅၀၀/-၊ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်တွင်ကျယ်လျှက်ရှိကြောင်း လေ့လာစုံစမ်း သိရှိရပါသည်။
ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ ဧည့်မထ ဆန်တစ်အိတ်လျှင် ၄၁၅၀၀/-နှင့် ၄၂၀၀၀/-များဖြင့် ဝယ်လိုအား ရရှိနေကြောင်း မအူပင်လှေဆိပ်တာကောက်ရှိ စက်ပိုင်များထံမှ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)