ဒေသထွက်ဆန် တရုတ်မွှေး၊ရွှေအပ် ဈေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိ

Powered by Drupal

       ကယားပြည်နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး စိုက်ပျိုးထွက်ရှိသော စပါးကို ကြိတ်ခွဲ ကာ ပြည်နယ်တွင်းစားသုံးကြသည့်အပြင် အခြားဒေသဖြစ်သော မန္တလေးသို့ အများဆုံးတင်ပို့လျက် ရှိပါသည်။ဒေသထွက် ဆန်ဖြစ်သည့် ရွှေရင်အေး၊တရုတ်မွှေး၊ရွှေအပ် တို့ကိုအဓိကထား၍ စိုက်ပျိုး စားသုံးကြပါသည်။ ရွှေရင်အေးဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသော်လည်း တရုတ်မွှေး၊ရွှေအပ် ဆန်ဈေးနှုန်းတို့မှာ အနည်းငယ်မြှင့်တက်ရှိလျက်ရှိပါသည်။ဒီဇင်ဘာလအတွင်းဈေးကွက်တွင် ဖြစ် ပေါ်နေသော တရုတ်မွှေးဆန်တစ်အိတ်ဈေးနှုန်းမှာ (၆၅၀၀၀)ကျပ်၊ ရွှေအပ်ဆန်တစ်အိတ် ဈေးနှုန်း မှာ (၆၀၀၀၀)ကျပ်ရှိခဲ့ပြီး ယခုဇန်နဝါရီလအတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ တရုတ်မွှေးဆန် တစ်အိတ်လျှင်(၆၇၀၀၀)ကျပ်၊ ရွှေအပ်ဆန်တစ်အိတ်လျှင်(၆၂၀၀၀)ကျပ် ဖြစ်ပေါ်လျက်ရှိပါသည်။ ယခင်ဒီဇင်ဘာလဈေးနှုန်း နှင့် ယခုဇန်နဝါရီလဈေးနှုန်းများကို နှိုင်းယှဉ်လျှင် တရုတ်မွှေးဆန်နှင့် ရွှေအပ်ဆန်တစ်အိတ်လျှင် (၂၀၀၀)ကျပ် ခန့်ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း ဆန်သယ်ယူရောင်းချ နေသော ဆန်ဆိုင်ပိုင်ရှင် တစ်ဦးထံမှ သိရှိရပါသည်။ DOCA(ကယား)