ပြည်မြေပဲဆန်ဈေးနှုန်းများ နှစ်စတွင်ပြန်လည်မြင့်တက်

Powered by Drupal

ပြည်ဈေးကွက်အတွင်း ယခုအပတ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန်ဈေးများ ပြန်လည် မြင့်တက်လာခဲ့ပါသည်။ မန္တလေးဝယ်လက်များက လုံးဆန် (အနီ)ကို ဝယ်ယူမှုရှိခြင်း၊ မြို့တွင်း ပဲလှော်ဖိုသမားများက ဝယ်ယူမှုရှိခြင်းတို့ကြောင့် ဈေးမြင့်တက်လာသလို လုံးဆန် (အဖြူ)ကို မြဝတီ ဝယ်လက်များ ဝယ်ယူမှုရှိပြီး၊ ဆီဆန်ကို ဆီစက်သမားများက အဝယ်ရှိသဖြင့် ဈေးများပြန် လည်မြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်ဈေးများမှာ ယခုနှစ်စနှင့် ယခင်နှစ်ကုန် ဈေးနှုန်းနှိုင်းယှဉ် ပါက ယခုနှစ်စတွင် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ စိုက်ဧကအနေဖြင့် ယခင်နှစ်တွင် ၆၇၃၅၆ ဧကစိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်တွင် ၆၃၉၇၈ ဧက စိုက်ပျိုးသဖြင့် ယခင်ထက် စိုက်ဧကနည်းသွားပြီး ဈေးနှုန်းများမြင့်တက်လာသည်ဟု ခန့်မှန်းရပါသည်။ ယခုအပတ် မြေပဲဆန်ဈေးနှုန်းအနေဖြင့် ဆီဆန် (အဖြူ) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ဆီဆန် (အနီ)တစ်ပိဿာလျှင် ၆၀၀၀ကျပ် နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၅၃၀၀ကျပ်၊ လုံးဆန် (အနီ) တစ်ပိဿာလျှင် ၆၃၀၀ကျပ် ဖြင့် အရောင်းအဝယ်ရှိပြီး မင်းတုန်း၊ ကံမနှင့် ပေါက်ခေါင်းဘက်မှ တစ်နေ့လျှင် အိတ် ၄၀၀/၅၀၀ခန့် ဝင်ရောက်မှုရှိ၍ ဝင်သလောက်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)