
ပြည်ပဲဈေးကွက်သို့ ဆောင်းသီးနှံဘိုကိတ်ပဲသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိနေသောကြောင့် တစ်ရက်လျှင် အိတ် ၁၀၀/၁၅၀ ကျော်အထိဝင်ရောက်ခဲ့ပါသည်။ ပြည်အနီးတဝိုက် ဒေသအချို့မှဝင်ရောက်ခဲ့ပြီး ရောင်းဝယ်မှုအနေဖြင့် လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်ခဲ့ကာ ဝင်လာသမျှပဲသစ်များာမှာ အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ၄၀၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြသည့်အတွက် ပဲဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြသော အခြားပဲများဖြစ်သည့် ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ ပဲနီပြား သီးနှံဈေးနှုန်းများနှင့်ယှဉ်လျှင် ထောပတ်ပဲနှင့်ပဲနီပြားသီးနှံတို့ထက်ဈေးလျော့နေသော်လည်း ပဲလွန်းဖြူသီးနှံနှင့်ယှဉ်လျှင်ဖြင့် ဈေးတူလိုလိုရရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)