မုံရွာမြို့၏ထောပတ်သီး ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေးနှင့် သီရိမင်္လာဈေး ကြီးများအတွင်းတွင် ရှမ်းပြည်နယ်ထွက် ထောပတ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်မှု များပြားပြီး ရောင်းချလျက်ရှိကြောင်းသိရသည်။ ထောပတ်သီးတွင် အညိုရောင်ရှိသောအသီးနှင့် အစိမ်းရောင်ရှိသော အသီးဟူ၍ (၂)မျိုးရှိသည်။

        ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၃၀၀)ကျပ် ယခင်ဒီဇင်ဘာလအတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့သော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၇၀၀)ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ထောပတ်သီး ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းနှင့်ဈေးနှုန်းကျဆင်းရခြင်း မှာ ဈေးကွက်အတွင်းသို့ ထောပတ်သီးများလှိုင်လှိုင်ဝင်ရောက်နေခြင်းကြောင့်ဖြစ်ကြောင်း သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA( စစ်ကိုင်း)