တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

      တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်တွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၃.၀၀၀)သန်း၊  စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ကျပ်သန်း(၇၃၀၀၀0)သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာဘာလအထိ (၉)လတာကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၇.၈၅၀)သန်း၊ သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၄.၁၉၁)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၂.၀၄၁)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဇန်နဝါရီလ(၁၃)ရက်နေ့အထိ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၀.၃၆၇)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၀.၄၂၈)သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၀.၇၉၅)သန်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၀)လတာကာလအတွင်း စုစုပေါင်းပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၈.၂၁၇)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၄.၆၁၉)သန်း၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁၂.၈၃၆)သန်းဖြစ်၍ (၁)နှစ်စာလျာထားချက်အပေါ်(၁၇.၅၈၄)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ ဇန်နဝါရီလ(၁၃)ရက်နေ့အထိ (၁၀)လတာလျာထားချက်အပေါ် (၂၃.၀၄၅)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏စာရင်းများအရသိရပါသည်။

          အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ၊ ကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ဖြစ်ကြောင်းသိရပါသည်။

     တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသောအခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက်ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)