စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။
ဇန်နဝါရီလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50 kg တစ်အိတ်လျှင် (၁၅၂၅၀ဝိ/-)ကျပ်၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50 kg တစ်အိတ်လျှင် (၁၄၂၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50 kg တစ်အိတ်လျှင် (၇၇၀၀ဝိ/-)ကျပ်၊ အာမို ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50 kg တစ်အိတ်လျှင် (၁၁၂၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50 kg တစ်အိတ်လျှင် (၉၈၀၀ဝိ/-)ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုရောင်းချသည့်ဈေးနှုန်းမျာသည် ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ရောင်းချခဲ့သောဈေးနှုန်းများဖြစ်ပြီး ယခင်ဈေးနှုန်းများအတိုင်း ဈေးငြိမ်လျက်ရှိ၍ အရောင်းအဝယ်လည်းပါးကြောင်း ဓါတ်မြေဩဇာအရောင်းဆိုင်များနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)