ဘီးလင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၁၃-၁-၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့ပေါ်ရှိ ဆေးဆိုင် (၁၀) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် New Magnate Co;Ltd မှ ဆေးဝါးတစ်မျိုးဖြစ်သော Diclon-M Tablet (Diclofenac Sodium 50 mg, Paracetamol 500 g) နှင့် ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ Diclon-M နှင့် ပုံစံတူတရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)