လတ်တလော စားသုံးဆီဈေးနှုန်းများမြင့်တက်လာမှုအပေါ် ပုသိမ်မြို့ပေါ်ရှိ စားသုံးသူ မိဘပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို ရည်ရွယ်၍ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့် ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီ လက်လီဈေးကွက်အတွင်း သင့်လျေ်သောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန်နှင့် စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန် အထိုင် ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များ ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား လူတစ်ဦးလျှင်(၁)ပိဿာနှုန်း ဖြင့်နေ့စဉ် ရောင်းချပေးလျက်ရှိရာ (၉.၁.၂၀၂၃)ရက်နေ့တွင် ရအက(၅) နှင့် တန်တစ်ရာရပ်ကွက်၊ (၁၀.၁.၂၀၂၃)ရက် နေ့ တွင် တောင်ရာမညနှင့် မင်းကြီးလမ်းရပ်ကွက်၊ (၁၁.၁.၂၀၂၃) ရက်နေ့တွင် စန္ဒာအေးလမ်းနှင့် ညောင်သာယာရပ်ကွက်၊ (၁၂.၁.၂၀၂၃)ရက်နေ့တွင် ရအက(၃)နှင့် သိမ်တော်ကြီးရပ်ကွက်၊ (၁၃.၁.၂၀၂၃)ရက်နေ့တွင် ထန်းကုန်းလေးနှင့် အောင်ချမ်းသာရပ်ကွက် စသည့်ရပ်ကွက်များအား တစ်ရက်လျှင်ရပ်ကွက်(၂)ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ (၆)လုံး၊ တစ်နေ့လျှင် ဆီပေပါ(၁၂)လုံး၊ လူတစ်ဦးလျှင်(၁)ပိဿာဖြင့် စားသုံးသူပြည်သူများအား ရောင်းချခဲ့ပြီး စားသုံးသူပြည်သူများမှ စနစ်တကျတန်းစီဝယ်ယူအားပေးကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)