ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီလ ( ၁၁ ) ရက်နေ့မှ ဇန်နဝါရီလ(၁၇)ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ၅ ပိဿာပါ ကျပ် ၅၅၀၀၀၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ ၊ ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး ၁ တွဲ ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၇၀၀ ၊ ဆင်ဖြူကျွန်း မှ ဇီးသီး (စလေ) အလုံးကြီးတစ်ခြင်း ၈ ပြည် ပါ ကျပ် ၁၂၀၀၀၊ ပြည် မှ ဇီးသီး (အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါ ကျပ် ၁၃၀၀၀၊ တွံတေး မှ သခမသီး အလုံးကြီး တစ်ခြင်း ၁၅ လုံး မှ ၁၈ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၂၀ လုံး မှ ၂၅ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးသေး ၆၀ လုံး မှ ၇၀ လုံးပါ ကျပ် ၁၆၀၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀၊ ၅၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀၀ ၊ အလုံးလတ် ကျပ် ၁၂၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀ ၊ ခရမ်း၊ မတ္တရာ၊ တောင်ငူ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၇၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ မှ ၃၀၀၀ ၊ သာယာဝတီ၊ ဝေါ၊ ခရမ်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀ ၊ အလုံးသေး ကျပ် ၃၀၀၀ မှ ၂၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာ ဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)