“စျေးကွက်အတွင်း ခရမ်းချဉ်သီးစျေးနှုန်း အနည်းငယ်မြှင့်တက်လျက်ရှိ”

Powered by Drupal

       မိတ္ထီလာမြို့နယ်အတွင်းတွင် ဒေသတွင်းထွက်ရှိသော ခရမ်းချဉ်သီးများနှင့် ရှမ်းပြည်နယ် ပင်လောင်း၊ အင်းလေးဘက်မှဝင်ရောက်သော ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခု ဇန်နဝါရီလ တတိယပတ်တွင် ဒေသထွက် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်နှင့် အင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ် စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဒီဇင်ဘာလ တတိယပတ်တွင်း ဒေသထွက် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ် ၊ အင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်သာရှိကြောင်း၊ ယခင်လနှင့် ယခုလ နှိုင်းယှဉ်လျှင် ဗမာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၆၀၀) ကျပ်၊ အင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့် စျေးနှုန်းမြှင့်တက်လာကြောင်း၊ စျေးနှုန်းမြှင့်တက်လာရခြင်းမှာဒေသထွက် ခရမ်းချဉ်သီးစျေးကွက်ဝင် ရောက်မှု လျော့နည်းလာခြင်း၊ အင်းခရမ်းချဉ်သီးများ စားသုံးမူများလာခြင်းကြောင့်ဖြစ်သည်ဟု သိရပါသည်။

DOCA(မန္တလေး)