“လယ်ယာသုံးတံစဉ်လုပ်ငန်းအားကွင်းဆင်းလေ့လာ”

Powered by Drupal

       ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရန်နှင့်အငယ်စား၊အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs)ကဏ္ဍာဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောက်ဆည်ခရိုင်၊  စားသုံးသူ ရေးရာဦးစီးဌာနဝန်ထမ်းများသည် ကျောက်ဆည် မြို့နယ်၊ ငါးအိုးကျေးရွာရှိ တံစဉ်လုပ်ငန်း ရှင် များအား တွေ့ဆုံပြီး ကုန်ကြမ်းရရှိမှု၊ကုန်ချောဖြန့်ဖြူးမှုနှင့်စျေးနှုန်းစျေးကွက် အခြေအနေများအား ကွင်းဆင်း လေ့လာခဲ့ပါသည်။ငါးအိုးကျေးရွာတွင် လယ်ယာလုပ်ငန်းသုံး တံစဉ်များပြုလုပ်ရန်အတွက် ပန်းပဲဖို (၁၁)ခုရှိပြီး၊၎င်းလုပ်ငန်းအား လွန်ခဲ့သောနှစ်ပေါင်း(၅၀-၆၀)ခန့်ကပင် စတင်ပြီးလုပ်ဆောင်ခဲ့ ကြောင်း၊ တောင်သူများအတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကြောင့်စီးပွားရေးလုပ်ငန်းများရပ်တန့်သွားသော်လည်း တံစဉ်ထုတ်လုပ်သည့်လုပ်ငန်းမှာ ရပ်တန့် ခြင်းမရှိဘဲ ယနေ့တိုင် ဆက်လက်လုပ်ကိုင်လျှက်ရှိကြောင်း ၊ တစ်ရက်လျှင် ပန်းပဲဖိုတစ်ခု၌ တံစဉ် (၁၀၀)လက်ခန့်ပြုလုပ်နိုင်ကြောင်း ၊ ၄င်းတံစဉ်များပြုလုပ်နိုင်ရန်အတွက် လုပ်သား(၅)ဦးခန့် လိုအပ် ပြီးကုန်ကြမ်းအား မန္တလေးစက်မှုဇုံမှ လေးသံများကိုဝယ်ယူပြီးပြုလုပ်ရကြောင်း၊ တစ်ရက် လျှင် ကုန်ကြမ်းသံ(၅)ပိဿာကုန်ကျ၍ (၁)ပိဿာလျှင် (၅၀၀၀/-)ကျပ်ပေးရကြောင်း ၊ ကုန်ကြမ်း တန်ဖိုး ၊ လုပ်သားခ၊အထွေထွေကုန်ကျစရိတ်အနေဖြင့် တံစဉ်အလက်(၁၀၀)ပြုလုပ်လျှင် စုစုပေါင်း (၇၅၀၀၀/-) ကျပ်ကုန်ကျကြောင်း ၊ စျေးနှုန်းအနေဖြင့် တံစဉ်(အကြီး) တစ်လက် လျှင်(၂၅၀၀/-)ကျပ် ၊ တံစဉ် (အလတ်)တစ်လက်လျှင်(၁၃၀၀/-)ကျပ်၊ တံစဉ်(အသေး) တစ်လက် လျှင် (၁၀၀၀/-)ကျပ်ရရှိကြောင်း ၊ တံစဉ်များအား ပြုလုပ်ရာတွင် ဘယ်ကိုင် နှင့် ညာကိုင် ဟူ၍(၂)မျိုးရှိကြောင်း ၊ ပုံမှန်အနေဖြင့် ညာကိုင်တံစဉ်များသာထုတ်လုပ်ပြီး ဘယ်ကိုင်တံစဉ်အား ကြိုတင်မှာယူမှသာပြု လုပ်ပေးကြောင်း ၊ စျေးနှုန်းအနေဖြင့် ပုံမှန်စျေးထက်(၂)ဆ ရှိကြောင်း၊ ကုန်ချောဖြန့်ဖြူးမှုအနေဖြင့် အနယ်နယ်အရပ်ရပ် ရှိ ၁၂ ပွဲစျေးများအပြင် ကျောက်ဆည် ၊ မြစ်သား ၊ ဝမ်းတွင်း မြို့နယ်များ သို့ဖြန့်ဖြူးပြီး ၄င်းမှတဆင့် အနယ်နယ်အရပ်ရပ်သို့ ဖြန့်ဖြူးလျှက်ရှိကြောင်း၊ ငါးအိုးကျေးရွာမှ ထွက်ရှိ သော တံစဉ်များသည် အရည်အသွေးကောင်းမွန်ပြီး တောင်သူများမှ ကြိုက်နှစ်သက်ကြသဖြင့် အခြားဒေသများမှထွက်ရှိ သောတံစဉ်များထက်ဝယ်ယူမှုများကြောင်း  လယ်ယာသုံးတံစဉ်လုပ်ကိုင် သည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပြီး ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product) အနေဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)