‌ရွှေဘိုဆန်စပါး /ဆန်ဈေးနှုန်းဈေးကွက် သိသာစွာမြင့်တက်

Powered by Drupal

           ၂၀၂၂-၂၀၂၃ မိုးစပါးသီးနှံအနေဖြင့်  ရွှေဘိုခရိုင်တွင် ဧက(၃.၅)သိန်းကျော်နှင့်ရေဦးခရိုင်တွင် ဧက(၂.၉)သိန်းကျော်၊ စုစုပေါင်း ဧက(၆.၄)သိန်းကျော် စိုက်ပျိုးပြီး  ရွှေဘိုပေါ်ဆန်းစပါးမျိုး အနေဖြင့် (၂.၂)သိန်းကျော်စိုက်ပျိုးကြောင်း  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး  ရွှေဘိုပေါ်ဆန်းစပါးများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ ရိတ်သိမ်းပြီး ၊ဇန်နဝါရီလကုန်ပိုင်းတွင် ရာသီကုန် ရိတ်သိမ်းပြီးစီးမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

          ရွှေဘိုခရိုင်အတွင်း ဇန်နဝါရီ တတိယပတ်တွင်  စပါး/ဆန်ဈေးနှုန်းများ သိသာစွာ မြင့်တက်လာပြီး ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း(၁၀၀)လျှင် (၁၉၀၀၀၀၀)ကျပ်၊ ဆန်တစ်အိတ် လျှင် (၆၅၀၀၀)ကျပ်ခန့်ပေါ်ဈေးရှိပြီး ယခင်နှစ်  ၂၀၂၁-၂၀၂၂ခုနှစ်ထွက် ရွှေဘိုပေါ်ဆန်း စပါး တင်း(၁၀၀)လျှင် (၁၁၀၀၀၀၀)ကျပ်၊ ဆန်တစ်အိတ်လျှင် (၄၄၀၀၀)ကျပ်သာ ရှိခဲ့သဖြင့် ကာလတူ နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါးဈေးမှာ သိသာစွာ မြင့်တက်လာကြောင်း သိရသည်။

          ယခင်နှစ်များတွင် ရွှေဘိုပေါ်ဆန်းစပါးများ ဈေးကောင်းရရှိသော်လည်း ယခုနှစ်ကဲ့သို့  စပါးများရိတ်သိမ်းဆဲနှင့် ရိတ်သိမ်းပြီးစပါးများအနက် အချို့မှာ နေလှန်းအခြောက်ခံပြီး၍ စပါးကျီ ထဲသို့ သွင်းပြီးသော်လည်း တစ်ချို့မှာ နေလှန်းဆဲကာလ များတွင် ဈေးနှုန်း သိသာစွာ မြင့်တက်ခြင်း မဟုတ်ဘဲ ၊အနည်းငယ်ချင်း တစ်ရိပ်ရိပ်တက်ပြီး သိုလှောင်ထားရချိန် ဇွန်၊ဇူလိုင်လရောက်မှသာ ဈေးနှုန်းစတင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း  ရွှေဘိုပေါ်ဆန်းစပါး သိသာစွာ ဈေးမြင့်တက်ရခြင်းမှာ ယခုနှစ်တွင် လှောင်လက်များမှ ဝယ်ယူသိုလှောင်မှု များပြားခြင်းကြောင့်ဖြစ်ပြီး ဆက်လက်၍လည်း ရွှေဘိုပေါ်ဆန်းစပါးဈေး မြင့်တက်နိုင်ချေရှိကြောင်း တောင်သူများနှင့် စပါးအရောင်းအဝယ် ပြုလုပ်သော ပွဲစားများထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)