ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

          ၂၀၂၃ခုနှစ် ဇန်နဝါရီလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည်လျှင် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၁၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၆၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၀၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

      စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)