အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ(၁၁)ရက်နေ့မှ ဇန်နဝါရီလ(၁၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် ၁၆၀၀ မှ ကျပ် ၂၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁၂၀၀ အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် ၆၀၀ မှ ကျပ် ၁၄၀၀ အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ကျပ် ၂၃၀၀ အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၁၈၀၀ အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၆၀၀၀ အတွင်း၊ ဗူးသီးတစ်လုံးလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ကျပ် ၂၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၂၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ကျပ် ၄၅၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၃၅၀၀ မှ ကျပ် ၃၈၀၀ အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၁၈၀၀ အတွင်း၊ ဆလပ်ရွက်တစ်စီးလျှင် ကျပ် ၂၅၀ မှ ကျပ် ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ် ၆၅ မှ ကျပ် ၁၂၀ အတွင်း၊ ခရမ်းသီး (ရှည်) တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၁၈၀၀ အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် ၈၀ မှ ကျပ် ၂၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၂၅၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၇၀၀၀ အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၀၀၁၀၀)လုံးကျော်၊ ခရမ်းသီး(ရှည်) ပိဿာပေါင်း(၂၁၉၁၅)ပိဿာကျော်၊ ဗူးသီးအလုံးပေါင်း (၂၄၇၀)လုံးကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၃၉၀၀)လုံးကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၉၃၅၀)ထုပ်ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၈၂၀၀)ထုပ်ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၁၂၀၈၅)ပိဿာကျော်၊ ဖရဲသီးလုံးပေါင်း (၂၂၈၀၀)လုံးကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။
DOCA(ရန်ကုန်)