တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M Tablet ပုံစံတူဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်မှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများသည် ၁၁-၁-၂၀၂၃ ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေးရှိ ဆေးဝါးများရောင်းချလျက်ရှိသော ဆေးဆိုင်များသို့သွားရောက်၍ Diclon-M Tablet ပုံစံတူဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ကိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        Diclon-M Tablet ဆေးဝါးများရောင်းချမှုမပြုရန်၊ ဆေးနှင့်ဆေးပစ္စည်းများကို စနစ်တကျထားသိုရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းမပြုရန်၊ သက်တမ်းကုန်ဆေးဝါးများအား သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ တင်ပြရန် ညွှန်ကြားချက်နှင့်အညီဆောင်ရွက်၍ တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများသာ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)