စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံဒေါ်ဌေးဌေးနှင့် ဝန်ထမ်းများသည် တောင်တွင်းကြီးမြို့နယ်ရှိ ကံလှ သကြားစက်ရုံသို့ (၁၄.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းပြီး ကုန်ကြမ်းကြံဝယ်ယူရရှိမှု၊ ကုန်ချောသကြားထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေများအား လေ့လာခဲ့ပါသည်။
(ကံလှ)သကြားစက်ရုံမှူး၏ ပြောကြားမှုအရ စက်ရုံတွင် အရာထမ်း(၁၅)ဦးနှင့် အမှုထမ်း(၂၅၀)ဦး၊ စုစုပေါင်း(၂၆၅)ဦးရှိပြီး စက်ရုံအား နံနက်(၀၈:၀၀)နာရီမှ ည(၂၀:၀၀)နာရီထိ တစ်ဆိုင်း၊ ည(၂၀:၀၀)နာရီမှ နံနက်(၀၈:၀၀)နာရီထိတစ်ဆိုင်းဖြင့် (၂၄)နာရီလုံး လည်ပတ်လျက်ရှိပါကြောင်း ကြံတစ်တန်လျှင် စက်ရုံအရောက် မိုင်အနီးအဝေးပေါ်မူတည်၍ ကျပ်(၇၃၀၀၀/၇၄၀၀၀) ဖြင့်ဝယ်ယူပါကြောင်း ကွင်းစျေးအနေဖြင့် ကြံတစ်တန်လျှင် ကျပ်(၇၀၀၀၀)နှုန်းဖြင့် ဝယ်ယူကြောင်း၊ ကြံကုန်ကြမ်း ကြံတန်(၅၄၅၀၀) ဝယ်ယူရန်လျာထားပြီး (၄၅၀၀၀)တန် ဝယ်ယူရရှိထားပြီး ဖြစ်ပါကြောင်း၊ (၃၃၄၀၀)တန် ကြိတ်ဝါးပြီးဖြစ်၍ ထွက်ရှိလာသောကုန်ချောသကြားများကို တစ်အိတ်လျှင်(၃၀.၆၂)ပိဿာဖြင့် ထည့်သွင်းပါကြောင်း၊ စက်ရုံအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့မှ စတင်လည်ပတ်ခဲ့ပြီး တစ်နေ့လျှင် ကြံ(၂၀၀၀)တန်ခန့် ကြိတ်ဝါးနိုင်ကြောင်း ကြံတစ်တန်ကြိတ်ဝါးလျှင် သကြား(၆၀.၆၁)ပိဿာခန့် ထွက်ရှိပါကြောင်း၊ သကြားမှာ သကြားဖြူ(Whide Sugar)အထိ ထုတ်လုပ်ပါကြောင်း၊ ထိုသို့ ထုတ်လုပ်ရာတွင်လည်း မည်သည့် ဓါတုပစ္စည်းမှ မသုံးစွဲဘဲ မဖောက်ထုံး(၇၀%)အထက် ထုံးအား မီးဖုတ်ပြီး (၁)ပတ်အတွင်း သုံးစွဲ၍ ကြံရည်အားအနည်ထိုင်ပြီး ကြိတ်ဝါးသောကြောင့် သကြားဖြူထွက်ရှိကြောင်း စက်ရုံမှ HACCP-Initial Certification, ISO 9001-2015 Initial Certification နှင့် FDA လက်မှတ်များလည်း ရရှိထားပြီးဖြစ်ကြောင်း၊ ထွက်ရှိလာသောသကြားများကို တပ်မတော် (Sun)နို့ဆီစက်ရုံနှင့် ပြည်တွင်း လုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ရောင်းချကြောင်းနှင့် ကြံကြိတ်ဝါးရာမှထွက်ရှိသော တင်လဲရည် အားလည်း အီသနောချက်ယူရန်အတွက် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ တင်လဲရည်အတိုင်းသာ အရက်ချက်စက်ရုံသို့ တင်ဒါစနစ်ဖြင့် ရောင်းချကြောင်း လေ့လာသိရှိရပါသည်။
DOCA(မကွေး)