မအူပင်မြို့ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၇--၂၀၂၃) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်()ဆိုင်မှ ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ်( /၂၀၁၉)ပါ ကုန်အညွှန်အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်ကုန်စည်များကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာမြစ်ထားသောဆေးဝါးများကို ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ဆေးဆိုင်ရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်ပြည်စုံစွာ ဖော်ပြထားခြင်းမရှိသောဆေးဝါးများကို မရောင်းချရန်၊ ဌာနများ၏တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့် မကိုက်ညီသောကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး၍ အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)