ပြည်မြို့တွင် ဇန်နဝါရီအတွင်း အခြေခံစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီအသစ် အလတ်စ တစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ငရုတ် ခြောက်ရှည် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀-၃၀၀၀ကျပ်၊ မန်ကျည်း မှည့် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
သားငါးဈေးများမှာ (CP)ကြက်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။
ပဲဆီဈေးမှာ ယခင် ဒီဇင်ဘာလ စတုတ္တပတ်ကနည်းတူ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည် ။ နှမ်းဆီဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး စားအုန်းဆီ တစ်ပိဿာလျှင် ယခင်လက ၅၄၀၀ကျပ်မှ ယခုလတွင် ၆၀၀၀ ကျပ်ထိ ဈေးအနည်းငယ် မြင့်တက်လာပါသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တချို့သာ ဈေးအနည်းငယ်ကျလာပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)