မုံရွာမြို့၏ မန်ကျည်းမှည့်ဈေးကွက်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မန်ကျည်းအဟောင်းများ ကုန်သွားသလောက်ရှိနေကြောင်း၊ ပခုက္ကူမြို့နှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသထွက်မန်ကျည်းမှည့်အသစ်များ စတင်ဝင်ရောက်နေကြောင်း၊ မန်ကျည်းမှည့် အစေ့ပါတစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ ထိရှိကြောင်း၊ မန်ကျည်းမှည့်အစေ့မပါ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ထိရှိကြောင်း တစ်ပတ်လျှင် ပိဿာ ၂၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး မန်ကျည်းဖျော်ရည်လုပ်ငန်းရှင်များနှင့်မန်ကျည်း တော်ဖီလုပ်ငန်းရှင်များ ဝယ်ယူမှုများကြောင်း မန်ကျည်းမှည့် ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)