ကရင်ပြည်နယ် ဘာအံမြို့တွင် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ဈေးကွက်အတွင်းသို့ ရေချိုငါးများ ပေါများစွာ ဝင်ရောက်လာလျက်ရှိကြောင်း တွေ့ရသည်။ အခြေခံကုန်ဈေးနှုန်းများ မြှင့်တက်လာခြင်းဖြစ်ပေါ်နေသော်လည်း ဒေသထွက်ရေချိုတောငါးများဖြစ်သည့် ငါးစင်ရိုင်း၊ ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးသံချိတ် စသည့် ငါးများမှာ တစ်ပိဿာလျှင် ပျမ်းမျှ ၅၀၀၀ ကျပ် မှ ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အပြင် ဘားအံမြို့ရှိ ငါးဒိုင်များသို့ ဝင်လာသည့် မွေးမြူရေးငါးနှင့်ချောင်းငါးများဖြစ်သော ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးမုတ် စသောငါးများမှာ လတ်ဆတ်မှုရှိပြီး ဈေးနှုန်းမှာ ၆၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ အမျိုးအစားအလိုက် ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အရွယ်အစားမှာ ပေါင်းစားစား၊ ချက်စားစား ၃၀ ကျပ်သားမှ ၁ပိဿာကျပ်သား အရွယ်ရှိပြီး အရောင်းရသွက်လျက်ရှိကြောင်းနှင့် အမဲသား၊ ဝက်သား၊ ဆိတ်သားများဈေးနှုန်းကြီးမြင့်လာသောကြောင့် ငါးစားသုံးမှု သိသိသာသာ မြင့်တက်လာကြောင်း သိရှိရပါတယ်။
DOCA(ကရင်)