စက်သုံးဆီ‌ဈေးနှုန်းများမြှင့်တက်လျက်ရှိ

Powered by Drupal

       ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများသည် ယခင်အပတ်များထက် မြင့်တက်လျက်ရှိကြောင်းတွေ့ရပါသည်။ စက်သုံးဆီ လက်လီဈေးနှုန်းများမှာယခင်ဇန်နဝါရီတတိယပတ်အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၅၂၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၀၅) ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင်(၂၂၄၅)ကျပ်၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၃၀၅) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီးယခုဇန်နဝါရီလ စတုတ္ထပတ်အတွင်းဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၅၆၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၄၅) ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင်(၂၃၉၅)ကျပ်၊ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၄၇၀) ကျပ်တို့ဖြင့် ရောင်းချ လျှက်ရှိခဲ့ပြီး ယခုဇန်နဝါရီလစတုတ္ထပတ်နှင့်ယခင်ဇန်နဝါရီလတတိယှပတ်အတွင်း ဖြစ်ပေါ် နေသော စက်သုံးဆီဈေးနှုန်းများအားနှိုင်းယှဉ်ကြည့်လျှင်ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၄၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၆၅) ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင်(၁၅၀)ကျပ် ထိဈေးနှုန်းမြှင့်တက် လျက်ရှိပါသည်။

DOCA(ကယား)