တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်စပါးစိုက်ပျိုးသည့်ဒေသဖြစ်သော်လည်း ဆန်စပါးဖူလုံမှုမရှိသည့်အတွက် အခြားတိုင်းဒေသကြီးများမှ ပြန်လည်ဝယ်ယူလျက်ရှိသောမြို့ဖြစ်ပြီး စူပါဧည့်မထနှင့် ဖျာပုံပေါ်ဆန်း ဆန်များကို အများဆုံးဝယ်ယူစားသုံးလျက်ရှိသောမြို့ ဖြစ်ကြသည်။
မြိတ်ခရိုင်အတွင်း ယခင်အပတ်၌ရောင်းချခဲ့သော ဆန်၁၀၈ပေါင် အိတ်တစ်အိတ်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ၈၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၆၆၀၀၀ ကျပ်၊ ပေါ်ကျွဲ ၅၅၀၀၀ကျပ်၊ စူပါဧည့်မထ ၅၁၀၀၀ကျပ်နှင့် ရိုးရိုးဧည့်မထ ၄၆၀၀၀ကျပ် ရှိခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့ ကာလပေါက်စျေးအရ ရွှေဘိုပေါ်ဆန်းစျေးနှုန်းမှာ ၁၀၈ ပေါင် အိတ်တစ်အိတ်လျှင် ၈၂၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းစျေးနှုန်းမှာ ၁၀၈ ပေါင် အိတ်တစ်အိတ်လျှင် ၆၈၀၀၀ ကျပ်၊ ပေါ်ကျွဲစျေးနှုန်းမှာ ၁၀၈ပေါင် အိတ်တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်၊ စူပါဧည့်မထ စျေးနှုန်းမှာ ၁၀၈ပေါင် အိတ်တစ်အိတ်လျှင် ၅၂၀၀၀ကျပ်၊ ရိုးရိုးဧည့်မထစျေးနှုန်းမှာ ၄၇၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။
ယခင်အပတ်နှင့် ယခုအပတ်ဆန်စျေးနှုန်းနှိုင်းယှဉ်ပါက တစ်အိတ်လျှင် ပျမ်းမျှ၂၀၀၀ကျပ်ခန့် စျေးနှုန်းအနည်းငယ် မြင့်တက်သွားကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)