၂၀၂၃ ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၈၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ကျပ်၊ အာလူးတစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၂၅၀၀ကျပ်နှင့် ချင်း တစ်ပိဿာ ၁၈၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် ဇန်နဝါရီလ စတုတ္ထပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၆၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၃၀ကျပ်နှင့် ဘဲဥ တစ်လုံး ၃၂၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၂၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၉၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၅၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ရှမ်းစ)နှင့် ခရမ်းချဉ်သီးတို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။
DOCA(ရှမ်း)