ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကြံရာသီစတင်

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းတွင် ကြံစိုက်ဧက (၁၃၈၅၂၃)ရှိပြီး ကြံများ စတင် ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ ကြံစိုက်တောင်သူများအား ငွေရည်ပုလဲကုမ္ပဏီမှ မျိုးနှင့် သွင်းအားစုများအား ကြိုတင်ထုတ်ပေးပြီး ကြံပေါ်ချိန်ရောက်မှသာ ပြန်လည်ပေးသွင်းရကြောင်း သိရှိရပါသည်။ ယခင်နှစ် ကြံရာသီတွင် တစ်တန်လျှင် (၆၅၀၀၀/-)နှုန်းရရှိပြီး ယခုနှစ် ကြံတစ်တန် စက်ရုံအရောက်ဈေးမှာ ကျပ်(၉၀၀၀၀/-) ဖြစ်ပါသည်။ ယခုနှစ် ပေါက်ဈေးဖြင့် တွက်ချက်လျှင် ကြံတစ်ဧကလျှင် ပထမနှစ်တွင် အထွက်နှုန်း တန်(၄၀ မှ ၅၀)ကြား ထွက်ရှိပြီး စိုက်ပျိုးစရိတ် ကျပ်(၂၂၅၀၀၀၀/-)ခန့်ကုန်ကျကာ အမြတ်ကျပ် (၁၃၅၀၀၀၀/-)ခန့်ရရှိကြောင်း၊ ဒုတိယနှစ်တွင် မျိုး၊ ပလပ်စတစ်နှင့် ထွန်ယက်ခမှာ မလိုအပ်တော့သဖြင့် စိုက်ပျိုးစရိတ်မှာ (၁၂၇၆၀၀၀/-)ခန့်သာ ကုန်ကျပြီး တစ်ဧက အထွက်နှုန်း တန်(၄၀ မှ ၅၀ ကြား)ထွက်ရှိသဖြင့် တစ်ဧကအမြတ် ကျပ်(၂၃၂၀၀၀၀/-)ခန့် ရရှိကြောင်း၊ တတိယနှစ်တွင် ဒုတိယနှစ်နှင့်စိုက်ပျိုး ကုန်ကျစရိတ် တူသော်လည်း အထွက်နှုန်းမှာ တစ်ဧကလျှင် တန်(၂၅ မှ ၃၀ ကြား)သာထွက်ရှိတော့သဖြင့် တစ်ဧကအမြတ်မှာ (၁၄၂၀၀၀၀/-)ခန့်သာ ရရှိကြောင်းသိရှိရပါသည်။ လားရှိုးမြို့နယ်အတွင်းရှိ ထွက်ရှိသော ကြံများအား ငွေရည်ပုလဲကုမ္ပဏီရှိ မိုင်းရယ်သကြားစက်သို့လည်းကောင်း၊ ကျောက်မဲ မြို့နယ်၊ သီပေါမြို့နယ်နှင့်နောင်ချိုမြို့နယ်ရှိ ထွက်ရှိသောကြံများအား ငွေရည်ပုလဲကုမ္ပဏီရှိ ဆမ္မဆယ်သကြားစက်နှင့် အင်းဝိုင်းသကြားစက်များသို့လည်းကောင်း ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)