ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ စတုတ္ထပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀ အိတ်၊ မန္တလေးသို့ အိတ်ရေ ၅၄၀၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၁၅၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁၃၁၅၀၀ အိတ်၊ တန်အားဖြင့် ၆၅၇၅တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀ အိတ်၊ မန္တလေးသို့ အိတ်ရေ ၅၂၅၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁၂၆၅၀၀ အိတ်၊ တန်အားဖြင့် ၆၃၂၅ တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၀ အိတ်၊ တန်အားဖြင့် ၂၅၀တန်လျော့၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဇန်နဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်းစပါး တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ၊ ဧရာမင်းစပါး(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန်(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)