မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

       မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းပါသည်။

      ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်ဖြစ်သည့်အတွက် ဈေးကွက်တွင် ဒေသတွင်းထွက်ကုန် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဇန်နဝါရီလ တတိယအပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀) မှ ယခု ဇန်နဝါရီလ စတုတ္ထအပတ်တွင် ကျပ် (၂၂၀၀-၂၄၀၀) အထိ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အရောင်းအဝယ်သွက်ကာ ခရမ်းချဉ်စိုက်တောင်သူများအဆင်ပြေနေကြောင်း တောင်သူများထံမှသိရပါသည်။

DOCA(စစ်ကိုင်း)