ပြည်ဈေးကွက်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် နှမ်းနက်နှင့် စမုံနက်နှမ်းဈေးများ မြင့်တက်လာခဲ့ပါသည်။ နှမ်းနီတစ်မျိုးတည်းသာ ဈေးနှုန်းများကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ဝင်ရောက်မှုမရှိဘဲ ယခင်လက်ကျန်များဖြင့်သာ တစ်နေ့လျှင် အိတ် ၁၀၀ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ နှမ်းနက်နှင့်စမုံနက်နှမ်းကို မန္တလေးဝယ်လက်များက အဝယ်ရှိ၍ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ယခုအချိန်တွင် ရွှေတောင်ဘက်တွင် ဆောင်းနှမ်းများ ထွက်ပေါ်နေပြီး ထွက်ပေါ်လာသောနှမ်းများမှာ နှမ်းနက်များဖြစ်ပြီး အထွက်နှုန်း အနေဖြင့် ပျမ်းမျှ ၁၁တင်းခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်ခရိုင်အနေဖြင့် ဆောင်းနှမ်း စိုက်ဧကမှာ ၁၀၄၈၅ဧက စိုက်ပျိုးထားရှိပြီး နှမ်းဈေးများအနေဖြင့် နှမ်းနီ ၃တင်းတစ်အိတ်လျှင် ၂၀၅၀၀၀ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးလျော့လာပြီး နှမ်းနက် ၃တင်းတစ်အိတ်လျှင် ၂၈၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း ၃တင်းတစ်အိတ်လျှင်း ၃၀၀၀၀၀ကျပ်ဖြင့် ဝယ်လက်အဝယ်ရှိ၍ ဈေးမြင့်လာကြောင်း တွေ့ရှိရပါသည်။
DOCA(ပဲခူး)