ပြည်ကုန်စည်ဒိုင်၏ အမျိုးအစားအလိုက်ဈေးနှုန်းပြောင်းလဲမှု

Powered by Drupal

          ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပြည်ပတင်ပို့လျှက်ရှိသည့် မတ်ပဲ၊ ပဲစင်းငုံ ဈေးများမှာ ဇန်နဝါရီနောက်ဆုံးပတ်တွင် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီတတိယပတ်မှာ မတ်ပဲတစ်တင်းကို ၅၀၀၀၀-၅၅၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်တစ်ရက်ကို အိတ် ၂၀၀ခန့် လှောင်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီ စတုတ္ထပတ်တွင် မတ်ပဲဈေးကျနေပြီး ပဲတစ်တင်းကို ၅၄၈၀၀-၅၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် တစ်ရက်ကို အိတ် ၂၀၀/၂၅၀ခန့် အဝယ်ရှိခဲ့ပါသည်။

          ဇန်နဝါရီလ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၇၀၀၀-၄၈၀၀၀ကျပ်ဈေးဖြင့် ရန်ကုန်နှင့်မန္တလေးအဝယ်တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် တင်ပို့မှုရှိပါသည်။ ဇန်နဝါရီနောက်ဆုံးပတ်တွင် ပဲတီစိမ်းဈေးတက်ပြီး တစ်တင်းကို ၄၈၀၀၀-၅၀၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ်၂၅၀ခန့် အဝယ် ရှိခဲ့ပါသည်။

        ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီတတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၅၇၅၀၀-၅၈၀၀၀ ကျပ်ဖြင့် တစ်ရက်ကို ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီ စတုတ္ထပတ်တွင် ပဲစင်းငုံဈေး အေးနေပြီး ၅၇၅၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၂၅၀ခန့် လှောင်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

      ဇန်နဝါရီလတတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၂၀၀၀-၆၂၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၆၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် တစ်ခါတစ်ရံ ရန်ကုန် အဝယ် တစ်ရက်ကို အိတ် ၂၅၀/၃၀၀ခန့် အဝယ်ရှိပါသည်။ ဇန်နဝါရီလ စတုတ္ထပတ်တွင် ကုလားပဲ (HL) တစ်တင်း ၆၀၀၀၀-၆၂၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၀၀၀၀-၆၂၀၀၀ကျပ်ဖြင့် ခွဲစက် သမားများတစ်ရက်ကို အိတ် ၂၅၀ခန့် အဝယ်ရှိခဲ့ပါသည်။

      ဇန်နဝါရီ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၀၅၀၀-၄၁၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီလ စတုတ္ထပတ်တွင် ဘိုကိတ်တစ်တင်းကို ၄၀၀၀၀-၄၁၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းဈေးမှာ ၅၀၀၀၀ကျပ်မှ ၅၅၅၀၀ကျပ် ဈေးအပြောင်းအလဲ မရှိကြောင်း သိရှိရပါသည်။ ကုလားပဲဈေးမှာလည်း ၆၀၀၀၀ကျပ်မှ ၆၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေမှုအရ ပဲဈေးနှုန်းအပြောင်းအလဲရှိနေကြောင်း သိရှိရပါသည်။ ပြည်ကုန်စည် ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံမှာ ပြည်ပတင်ပို့သောပဲများ အရောင်း အဝယ် အေးပြီး ကျန်ပဲများပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)