အဝင်ရှိပြီး အရောင်းအေးနေသည့် ပြည်ချင်းဈေးကွက်

Powered by Drupal

          ပြည်ချင်းပွဲရုံများသို့ ချင်းအိတ်များ အဝင်ပုံမှန်ရှိနေပါသည်။ ချင်းလှောင်လက်သမားများသာ အဝယ်ရှိနေသောကြောင့် ပွဲစားများ အရောင်းအဝယ်ရှိနေပါသည်။ ပွဲရုံတွင် နယ်အဝယ်မရှိကာ လက်လီသမားတို့လည်း အိတ်အဆွဲနည်းနေသောကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ယခုအပတ်ချင်းဈေးများမှာ ပွဲရုံဈေး တစ်ပိဿာလျှင် ၁၈၀၀-၂၀၀၀ကျပ် ဈေးတို့ ဖြစ်ပြီး လက်လီဈေးမှာ ၂၅၀၀-၂၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခင်အပတ်ထက် ချင်းတက်တစ်ပိဿာ ၂၀၀ကျပ် ဈေးကျလာကြောင်း တွေ့ရှိရပါသည်။ ဓါးလှီးချင်းဖက် တစ်ပိဿာ လျှင် ၂၅၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)