ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

        ၂၀၂၃-ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ  ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည် (၂၅၀၀)ကျပ်၊ မှော်ဘီဆန်တစ်ပြည် (၂၂၀၀)ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည် (၁၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၇၀၀၀)ကျပ် ရှိ ကြောင်း သိရသည်။

       စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ(ကြီး) တစ်ပိဿာ (၄၀၀၀)ကျပ်၊ (လတ်) (၃၅၀၀)ကျပ်နှင့် (သေး)တစ်ပိဿာ(၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) (ကြီး/လတ်) တစ်ပိဿာ (၅၅၀၀ မှ ၄၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ(၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ(၂၀၀၀)ကျပ်၊ ကုလားပဲ တစ်ပိဿာ (၄၈၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာ(၇၂၀၀)ကျပ်၊ စားတော်ပဲ တစ်ပိဿာ(၅၈၀၀)ကျပ်နှင့် ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၃၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

         အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၉၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၇၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၂၅၀)ကျပ် နှင့် ဘဲဥတစ်လုံး(၃၂၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဇန်နဝါရီလ တတိယပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက မြေပဲဆီနှင့် ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျပ်(၅၀၀)ခန့်မြှင့်တက်လာကာ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဈေးနှုန်းမှာ ကျပ်(၅၀၀ မှ ၁၀၀၀)ခန့် ဈေးကျလျက်ရှိသည်ကို တွေ့ရှိရပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)