စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဇန်နဝါရီလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၀၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ စတုတ္ထပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၇၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၇၅၀)ကျပ်၊ ပဲဆီသန့်နှင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၂၀၀၀)ကျပ် အသီးသီး ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)