၂၀၂၃ ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မုံရွာမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၃၀၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၂၈၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင်(၆၇၅၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာ လျှင် (၅၅၀၀)ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်း တက်တစ်ပိဿာ လျှင် (၁၉၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ ငရုတ် ခြောက်အမျိုးအစားအလိုက် (၁၈၀၀၀) ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူး (၂၃၀၀)ကျပ်မှ (၂၄၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၆၀၀)ကျပ်မှ (၁၈၀၀)ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၉၀၀၀)ကျပ်မှ (၉၅၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၅၀၀၀)ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၄၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၆၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ဇန်နဝါရီလ စတုတ္ထပတ်တွင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊စားအုန်းဆီ၊ နှမ်းဆီနှင့် ပဲဆီ ဈေးနှုန်းများသည် ယခင်ပတ်ထက်ဈေးတက်ပြီး ခရမ်းချဉ်သီးနှင့် ဈေးနှုန်းများသည် ယခင်အပတ် ထက်ဈေးအနည်းငယ်ကျကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)