ပြည်ကြက်သွန်နီဈေးနှုန်းများကျဆင်း

Powered by Drupal

         ယခုကာလတွင် ပြည်စားဖိုဆောင်သီးနှံဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ (၁၀)ရက် အတွင်း တစ်ပိဿာလျှင် ရက်ခြား ကျပ် ၂၀၀ ကျဆင်းသွားသဖြင့် ယခင်အမြင့်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၅၀၀-၆၀၀ ခန့်ကျဆင်းသွားပါသည်။ ဈေးနှုန်းများကျဆင်းသွားသဖြင့် အဝင်များ လည်းပိုလာပြီး တောင်တွင်း၊ ဆိပ်ဖြူ၊ ရေနံချောင်းဘက်မှ ကြက်သွန်နီအိတ် ၅၀၀ခန့် ရက်ခြား အဝင်ရှိပါသည်။ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်သော်လည်း  ဝင်ရောက်မှု၏ သုံးပုံနှစ်ပုံ ခန့်ကို ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့်ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာ ဝတီ ခရိုင်၊ ဧရာဝတီတိုင်း(မြန်အောင်၊ ကြံခင်း)၊ ရခိုင်ပြည်နယ် (တောင်ကုတ်)တို့သို့ စီးဆင်းမှုများ ရှိနေပါသည်။ ဈေးနှုန်းများအနေဖြင့်  ပွဲရုံလက်ကားဈေးတစ်ပိဿာကို (ကြီး/လတ်/သေး) ကျပ် ၁၉၀၀/ ၁၈၀၀/၁၆၀၀ နှုန်းတို့ရှိပြီး လက်လီရောင်းချသည့် ဈေးများတွင် ၂၁၀၀/၂၂၀၀-၂၃၀၀/၂၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)