ပြည်တွင်း/ပြည်ပဈေးကွက်ဝယ်လိုအားရှိသော ရာသီပေါ်ကိုင်းဘောဈေးကွက်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသော ကိုင်းဘော (တံမြက်စည်းကုန်ကြမ်း)မှာ သဘာဝအလျှောက် အလေ့ကျပေါက်ရောက်လျှက်ရှိသော ရာသီပေါ် ဒေသ ထွက်ကုန်တစ်ခုအဖြစ် ဇန်နဝါရီလပထမအပတ်မှစတင်၍ ဈေးကွက်ဝင်ရောက်လျှက်ရှိပြီး မတ်လကုန် ဧပြီလရောက်လျှင် ကိုင်းဘောရာသီမှာ ပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရသည်။

       ကိုင်းဘောအဓိကထွက်ရှိရာဒေသများမှာ တောင်စောင်းတောင်ကုန်းများရှိသော ချောင်းသာ၊ ငွေဆောင်၊မော်တင်ကားလမ်းဘေးရှိ သီဟိုဠ်ခြံ၊ ရာဘာခြံများ ပင်လယ်ကမ်းခြေဒေသဝန်းကျင်ကျေးရွာများနှင့်ငပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းဝန်းကျင်ကျေးရွာများတွင် အများဆုံးထွက်ရှိပြီး ကိုင်းဘောရာသီရောက်လျှင်ကုန်ကြမ်းထွက်ရှိသောကျေးရွာများမှာအဝယ်ဒိုင်များဖွင့်လှစ်၍ ပုသိမ်မြို့နှင့်သာပေါင်းမြို့ပေါ်ရှိ နှစ်ပတ်လည်တံမြက်စီးပြုလုပ်သော  လုပ်ငန်းရှင်များနှင့်ရန်ကုန်မြို့သို့ နှစ်စဉ် တင်ပို့ ရောင်းချလျက်ရှိကြောင်းသိရသည်။

      ယခင်နှစ် ကိုင်းဘောရာသီအဖွင့်ဈေးမှာ ကိုင်းဘောတစ်ဘောကိုကျပ် ၈၀၀ဝိ/-၁၂၀၀ဝိ/ဈေးသာ ရှိသော်လည်း ယခုနှစ်ဈေးမှာ ကိုင်းဘောတစ်ဘောကို ကျပ် ၁၅၀၀ဝိ/-၂၀၀၀ဝိ/ဝန်းကျင် ဈေးဖြင့် ဝယ်ယူလျှက်ရှိပြီး ကိုင်းဘောဝယ်ယူရာတွင် ကိုင်းဘောအပင်ရေ ၃၀၀၀ ဒေသအခေါ် ကိုင်းဘောတစ်‌ဘောကို အတို/ အလတ်/ အရှည်ပေါ်မူတည်၍လည်း ဈေးနှုန်းဖြင့်ကွာခြားမှုရှိကြောင်း အဝယ်ဒိုင်မှ ဝယ်ယူထားသော ကိုင်းဘောများကိုအနု/အလတ်/အရင့်အမျိုးအစားခွဲခြား၍ အနု/အလတ်ကို ရန်ကုန်မှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုရှိပြီး ကိုင်းဘောအရင့်များကို  ပြည်တွင်းတွင် တံမြက်စည်း ပြုလုပ်ရာတွင် အသုံးပြုကြောင်း ကိုင်းဘောရာသီချိန် ကိုင်းဘောထွက်ရှိရာ ကျေးရွာများရှိ ဒေသ ခံများမှာ ကိုင်းဘောခုတ်ယူရောင်းချခြင်းဖြင့် တစ်နေ့လျှင် ကျပ် ၅၀၀ဝိ/- ၆၀၀ဝိ/မှ ကျွမ်းကျင်သူများ မှာ ကျပ် ၁၀၀၀ဝိ/-ဝန်းကျင်ရရှိကြောင်း ပုသိမ်/ငွေဆောင် ကားလမ်းစိန်တောင်ကျေးရွာနေ ကိုင်းဘောအရောင်းအဝယ် လုပ်ငန်းရှင်ထံမှသိရသည်။

DOCA(ဧရာဝတီ)