ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်၊ ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် ၂၀၂၀ပြည့်နှစ် မတ်လ (၁၅)ရက်နေ့၌ မြဝတီမြို့ရှိ ဝဉလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က မြဝတီခရိုင်တစ်ခုလုံး အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခရိုင်၊ မြို့နယ်များအနေဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးကို ဦးစားပေး ကြိုးစားရမည်ဖြစ်ကြောင်း၊ လုပ်ငန်း၏ အားသာချက် ၊ အားနည်းချက်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကရင်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန