မိတ္ထီလာကုန်စည်ဒိုင် ကုန်စျေးနှုန်း၊ စျေးကွက်အခြေအနေ

Powered by Drupal

           မိတ္ထီလာကုန်စည်ဒိုင်တွင် ယခုတစ်ပတ်အတွင်း ရောင်းဝယ်ဖောက်ကားနေသော ကုန်စျေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် ၇၅၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၈၅၀၀၀ ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှက် ၃၆၀၀-၃၇၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၂၀၀၀-၉၅၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် ၁၂၀၀၀-၁၃၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ လျှင် ၆၇၀၀ ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် ၂၇၀၀ ကျပ်၊ နေကြာ ဖတ်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် ၆၂၀၀၀ ကျပ်၊ ပဲစဉ်းငုံသစ်တစ်တင်း လျှင် ၅၇၀၀၀ ကျပ်၊ မကျီးတောင့်တစ်ပိဿာလျှင် ၁၃၅၀ ကျပ်၊ မကျီးဖတ်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ဝါတစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ငရုတ်တစ်ပိဿာလျှင် ၁၁၀၀၀-၁၂၀၀၀ ကျပ်၊ ကြက်သွန်နီတစ် ပိဿာလျှင် ၁၄၀၀-၁၅၀၀ ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်နီကုန်ချိန် ၂၅၀၀၀-၃၀၀၀၀ ခန့် ဝင်ရောက်လျက်ရှိပါသည်။

     ယခင်အပတ် ကာလတူပေါက်စျေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် ၇၃၀၀၀-၇၅၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၈၀၀၀၀-၈၅၀၀၀ ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှက် ၃၆၀၀-၃၇၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၁၅၀၀-၉၅၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် ၁၁၀၀၀-၁၂၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ လျှင် ၆၂၄၀-၆၂၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် ၂၇၀၀ ကျပ်၊ နေကြာ ဖတ်တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် ၆၂၀၀၀ ကျပ်၊ ပဲစဉ်းငုံသစ်တစ်တင်း လျှင် ၅၆၀၀၀ ကျပ်၊ မကျီးတောင့်တစ်ပိဿာလျှင် ၁၃၅-၁၃၇၅၀ ကျပ်၊ မကျီးဖတ်တစ်ပိဿာလျှင် ၃၂၀၀ ကျပ်၊ ဝါတစ်ပိဿာလျှင် ၂၇၀၀-၂၈၀၀ ကျပ်၊ ငရုတ်တစ်ပိဿာလျှင် ၁၁၀၀၀-၁၂၀၀၀ ကျပ်၊ ကြက်သွန်နီတစ် ပိဿာလျှင် ၁၆၀၀-၁၇၀၀ ကျပ် ရှိခဲ့ပြီး ယခင်အပတ်နှင့်ယခုပတ်နှိုင်းယှဉ်လျှင် နှမ်း ဆီ၊ ပဲဆီ၊ စားအုန်းဆီ၊ ပဲစဉ်းငုံသစ်၊ ဝါ စျေးနှုန်းများ မြှင့်တက်၍ နေကြဖတ်၊ မကျီးတောင့်၊ မကျီးဖတ်၊ ကြက်သွန်နီစျေးနှုန်း အနည်းငယ်ကျဆင်းလာပြီး နှမ်းဖြူ၊ နှမ်းညို၊ ကုလားပဲ V2၊ နေကြာစေ့၊နေကြာ ဆီ၊နှမ်းဖက်၊ ပဲဖက်နှင့် ငရုတ်စျေးနှုန်းများ စျေးငြိမ်နေကြောင်း၊ ကြက်သွန်နီဝင်ရောက်မှုမှာလည်း ကုန် ချိန် ၅၀၀၀ ခန့် လျော့နည်းခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)