မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

           ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ စတုတ္ထပတ် အတွင်းမိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန် များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၃၀၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၄၀၀၀ ကျပ်၊ မနောသုခ အသစ် တစ်ပြည်၂၀၀၀ နှင့် မနောသုခအဟောင်းတစ်ပြည် ၂၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင်၆၅၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၃၀၀၀ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၁၂၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက် ရှိသည်။ ကြက်သွန်နီလက်လီတစ်ပိဿာ ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ၅၅၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ် ထိ၊ ငရုတ်သီး ခြောက်အမျိုးအစားအလိုက် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ ၊ အာလူးတစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိ ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ ကျပ် နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်။ မုန်ညှင်း ရွက်၊ ဆလပ်ရွက်တစ်စီးလျှင် ၁၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၅၀ ကျပ်၊ အသေးတစ်လုံး ၂၁၀၊ ဘဲဥကြီး တစ်လုံး၃၅၀ကျပ်၊အသေးတစ်လုံး ၃၀၀ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းမျးမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ် ထိ ၊ အမဲသား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ထိ ၊ ငါး ကြင်းတစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ ငါးမြင်းတစ်ပိသာ ၁၆၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၅၅၀၀ ကျပ် ၊ ငါးခူတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါး ခြောက်လက်လီဈေးနှုန်းမှာ အာပြဲခြောက်တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာ ၄၇၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ငါးရောင် ခြောက် တစ်ပိဿာ ၂၆၀၀၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၄၅၀၀၀ ကျပ်တို့ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)