လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ ရေယာဉ်ပိုင်ရှင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၃-၁-၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီက  အမှတ် (၄) ရပ်ကွက် ရာပြည့်လမ်းရှိ ရေယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီအသင်းရုံးတွင် ရေယာဉ်ပိုင်ရှင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကုန်စည်(သို့)ဝန်ဆောင်မှုများအပေါ် တာဝန်ရှိမှုများကိုလည်းအသိပေးပြောကြားခဲ့သည့်အပြင် ဒေသတွင်း MSME လုပ်ငန်းများဖော်ဆောင်ပြီး ပုဂ္ဂလိကကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရေးနှင့် ကုန်သွယ်မှုကဏ္ဍများအဆင်ပြေချောမွေ့စေရေးအတွက် သတင်းအချက်အလက်များနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ရေယာဉ်ပိုင်ရှင် လုပ်ငန်းရှင် (၁၁) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)