မုန့်တီဖတ်ခြောက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် အမ်းမြို့နယ် တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ( ၂၇-၁-၂၀၂၃ ) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် တပ်တောင်၊ အမှတ်(၂) ရပ်ကွက်ရှိ “ရခိုင်လေး” အမှတ်တံဆိပ်သဘာဝရခိုင်မုန့်တီခြောက်(ခ)မုန့်ဖတ်ခြောက်ထုတ်လုပ်သည့် လုပ်ငန်းနေရာသို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မုန့်ဖတ်ခြောက်ထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းလေ့လာစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  မြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်က MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးကူညီလျက်ရှိရာ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်သည့် ကုန်ပစ္စည်း၏အရည်အသွေးနှင့် ထုပ်ပိုးမှုစနစ်ကောင်းမွန်ရေး၊ စားသုံးသူများ ဘေးဥပဒ်မဖြစ်စေရန် တာရှည်ခံဆေးနှင့် ဓါတုဆေးဝါးများမသုံးစွဲစေရေး၊ သက်ဆိုင်ရာဌာနများ၏ စံသတ်မှတ်ချက်နှင့်အညီထုတ်လုပ်ရေး၊ ဒေသတွင်းသာမက ပြည်ပအထိ ဈေးကွက်ထိုးဖောက်နိုင်ရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူသို့ သတင်းအချက်အလက်များပေးရာ၌ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများဆိုင်ရာ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)