မင်းဘူးမြို့ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

Powered by Drupal

   မင်းဘူးမြို့မဈေး၌ ဇန်နဝါရီလ စတုတ္တပတ်တွင် ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းများမှာ ငါးကြင်းဖြူခြောက် (၁)ပိဿာလျှင် ကျပ် ၁၂၀၀၀၊ ငါးတံခွန် (၁) ပိဿာလျှင် ကျပ်(၈၀၀၀-၁၃၀၀၀)၊ ငါးသေတ္တာခြောက် (၁) ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ အာဗြဲခြောက် အကြီး၊ အလတ်၊ အသေး (၁) ပိဿာလျှင် ကျပ်(၂၈၀၀၀-၂၅၀၀၀-၂၀၀၀၀)ဖြစ်ကြောင်း၊ ငါးနီတူးခြောက် (၁) ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးရံ့လုံးခြောက် အကြီး၊ အလတ်၊ အသေး (၁) ပိဿာလျှင် ကျပ်(၃၆၀၀၀-၃၄၀၀၀-၃၃၀၀၀)၊ ငါးရံ့ပြားခြောက် အကြီး၊ အလတ်၊ အသေး (၁) ပိဿာလျှင် ကျပ်(၇၅၀၀၀-၄၄၀၀၀-၃၈၀၀၀)၊ ငါးပုတ်သင် (၁) ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးသလဲထိုး (၁) ပိဿာလျှင် ကျပ် (၃၅၀၀၀)၊  ငါးခုံးမ (၁) ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပုစွန်ခြောက် (၁) ပိဿာလျှင် ကျပ် (၃၅၀၀၀-၆၀၀၀၀)အထိရှိကြောင်း၊ ပုစွန်ခြောက်သည် ဆားအပေါ့/အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

      ပုစွန်ခြောက်များကို ရခိုင်ပြည်နယ်မှလည်းကောင်း၊ ငါးခြောက်များကို ရန်ကုန်မြို့ ဘုရင့်နောင်လမ်းနှင့် စစ်တွေမြို့ ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရသိရှိရပါသည်။

DOCA(မကွေး)