အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅) ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၈-၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၄-၁-၂၀၂၃) ရက်နေ့တွင် ကျပ် (၂၅၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၈၅၀)အိတ်၊ နှမ်းပြာ(၁၃၀)အိတ်၊ နှမ်းဖြူ (၈၅)အိတ်နှင့် နှမ်းနီ (၁၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှသိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(HL) (၂၀)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မတ်ပဲ ၂၀ ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၃၅၀၀) ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ပါသည်။ ဘိုကိတ်ပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၉၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၄၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲတီစိမ်း (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၇၃၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၇၅၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၁၁၅၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၂၈၀၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ်၊ ကုလားပဲ(HL) (၃၄၀)အိတ်နှင့် ဘိုကိတ်ပြာ(၁၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၄၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀)ဖြစ်၍ ကျပ်(၃၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၆၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ (နီ) (၃၀)ပိဿာဝင်အိတ်(၂၇၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ) အိတ်(၂၀၀)အိတ်နှင့် မြေပဲတောင့်အစို တင်း(၁၅၀၀)တင်းခန့် အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိခဲ့ရပါသည်။
ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၉၀၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၂၂၀၀၀)ပိဿာခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)