ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦး‌အောင်ကျော်ဦးသည် ၁-၂-၂၀၂၃ ခုနှစ်၊ နံနက် (၉း၃၀) နာရီအချိန်တွင် ဗန်း‌မော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ဖွင့်လှစ်သော အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာစာတွေ့လက်တွေ့သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၂၄)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး‌ဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉)ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် စားသုံးသူကာကွယ်ရေးနည်းဥပဒေများပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိပါက ခရိုင်စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် တိုင်ကြားနိုင်ပါကြောင်း၊ Call Center နှင့် www.doca.gov.mm website တို့မှလည်း တဆင့်တိုင်ကြားနိုင်ပါကြောင်း အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)