မြင်းခြံခရိုင်၏ မိုးကြက်သွန်နီဈေးနှုန်းမှာ ယခုဇန်နဝါရီလနောက်ဆုံးပတ်တွင် အကြီးစတစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ၊ အလတ်စတစ်ပိဿာလျှင်(၇၀၀)ကျပ်မှ (၁၁၀၀)ကျပ်အထိ၊ အသေးစတစ်ပိဿာလျှင် (၄၀၀)ကျပ်မှ (၅၀၀)ကျပ်အထိ စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်အပတ်ဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၆၀၀)ကျပ်အထိ၊ အလတ်တစ်ပိဿာလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်အထိ၊ အသေးတစ်ပိဿာလျှင် (၄၀၀)ကျပ်မှ (၆၀၀)ကျပ်အထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။ မိုးကြက်သွန်နီဈေးအနေဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် (၁၀၀)ကျပ်နှုန်းခန့်ဈေးနိမ့်ခဲ့ပြီး၊ အမျိုးအစား၊ (Size) အရွယ်အစားနှင့် အရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းများအနည်းငယ်ကွာခြားကြောင်း ကြက်သွန်နီကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
မြင်းခြံခရိုင်တွင် ဆောင်းကြက်သွန်နီများကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုး ခဲ့ရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ရိတ်သိမ်းမှုအနေဖြင့် မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်း လေ့ရှိကြောင်းသိရှိရပါသည်။ မြင်းခြံခရိုင်၏ ယခင်နှစ်ကာလတူ ဆောင်းကြက်သွန်နီစိုက်ဧကမှာ (၁၈၃၂၅)ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်ကာလတူ စိုက်ပျိုးမှုမှာ(၁၈၅၄၂)ဧက စိုက်ပျိုးထားကြောင်းသိရှိရပြီး ယခင်နှစ်ထက် (၂၁၇)ဧကပိုမိုစိုက်ပျိုးထားနိုင်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြို့နယ်အလိုက် ဆောင်းကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၆၉၇) ဧက၊ တောင်သာမြို့နယ်တွင် (၈၈၁၄)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၉၂၆)ဧကနှင့် ငါန်းဇွန်မြို့နယ်တွင် (၈၃၁)ဧကစိုက်ပျိုးထားမှုရှိပြီး ဆက်လက်စိုက်ပျိုးရန်ကျန်ရှိနေသေးကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)